Home » ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ NUG ကျင်းပ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ NUG ကျင်းပ

by Homeland Author

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အုပ်ချုပ်ရေးနယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ တာဝန်ရှိသူတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတွေ၊ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ ဒီနေ့ ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့ အခမ်းအနားကို တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေ၊ ပြည်တွင်း ပြည်က ဒီမိုကရေစီအင်အားစုတွေလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

related posts

Leave a Comment