Home » ‎SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနား ကျင်းပ

‎SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနား ကျင်းပ

by Homeland Author

သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် – SSNDF/KNDF ဗျူဟာအမှတ် (၉) ဖွဲ့စည်း‌တည်ထောင်ခြင်း ၁ နှစ်ပြည့် အခမ်းအနားကို မနေ့က ဧပြီ ၁၇ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို ‎ဗျူဟာမှုးမှစ၍ သက်ဆိုင်ရာတပ်ဗိုလ်၊ တပ်မှူးတွေ နဲ့ ရဲဘော်တွေ တက်ရောက်ခဲ့ကြပြီး ‎အလံအ‌‌လေးပြုခင်း၊ ကျ‌ဆုံးခဲ့ရတဲ့ သူရဲကောင်း ရဲဘော်တွေကို အလေးပြုခြင်း၊ သစ္စာအဓိဌာန် ရွတ်ဆိုခြင်းနဲ့ ‎SSNDF/KNDF ဗျူဟာအမှတ်(၉)ရဲ့ ဗျူဟာမှူးမှ မိန့်ခွန်းပြောကြားခြင်း စတဲ့အစီအစဉ်တွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ SSNDF/KNDF မှ ကတိသစ္စာပြုကြောင်း ဆိုပါတယ်။

related posts

Leave a Comment