Home ပညာရေး TNLA ရဲ့ နိုင်ငံရေးသိပ္ပံကျောင်း တက်ရောက်လိုတဲ့ ရဲဘော်တွေ လျှောက်ထားနိုင်ဟု ပြော

TNLA ရဲ့ နိုင်ငံရေးသိပ္ပံကျောင်း တက်ရောက်လိုတဲ့ ရဲဘော်တွေ လျှောက်ထားနိုင်ဟု ပြော

by Homeland Author

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဖွင့်လှစ်သင်ကြားလျက်ရှိတဲ့ Political Science School (P.S.S) အပတ်စဉ် (၃) ကို တက်ရောက်လိုတဲ့ ရဲဘော်/ရဲမေတွေ လျှောက်ထားနိုင်တယ်လို့ ပြောပါတယ်။

အဆိုပါ နိုင်ငံရေးသိပ္ပံကျောင်းကို စိတ်ပါဝင်စားတဲ့ အသက် (၁၈) နှစ်မှ (၂၈) နှစ်အရွယ်အတွင်းရှိ ရဲဘော်/ရဲမေတွေအနေနဲ့ အခု ဖေဖော်ဝါရီလကုန်အထိ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးသိပ္ပံကျောင်းကို လျှောက်ထားလိုသူတွေဟာ ပညာအရည်အချင်း သတ်မှတ်ချက်အနေနဲ့ ပညာရေးစနစ်ဟောင်းဖြစ်ပါက တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ နဲ့ ပညာရေးစနစ်သစ်ဖြစ်ပါက Grade(12)အထိ အောင်မြင်ပြီးသူတွေ ဖြစ်ရမယ်လို့ ပြောပါတယ်။

နိုင်ငံရေးသိပ္ပံကျောင်းမှာ ကျောင်းသူ/သား စုစုပေါင်း လူဦးရေ (၃၅) ဦးသာ ရွေးချယ်လက်ခံ သင်ကြားသွားမှာဖြစ်ပြီး သင်ကြားရေးကာလမှာ (၃) နှစ်တိတိ ကြာမြင့်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးသိပ္ပံကျောင်းမှာ အဓိကသင်ကြားပေးမယ့် ဘာသာရပ်တွေကတော့ English၊ Capacity Building Subjects၊ Human Rights Based Subjects၊ Basic Political Subjects၊ Political Economy နဲ့ Advanced Political Subjects တို့ ဖြစ်တယ်လို့ ပြောပါတယ်။

TNLA က နိုင်ငံရေးသိပ္ပံကျောင်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဖွင့်လှစ်သင်ကြားခဲ့ပြီး ၃ နှစ်တာကာလအတွင်း ကျောင်းသား/သူ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့သလို ၂၀၂၄ ခုနှစ် အပတ်စဉ် (၂) ကို ကျောင်းသား/သူ (၂၆) ဦးဖြင့် ဆက်လက်ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။

အဲဒီ နိုင်ငံရေးသိပ္ပံကျောင်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ နဲ့ TNLA ရဲ့ ဌာနဆိုင်ရာကဏ္ဍတွေမှာ ဦးဆောင်နိုင်သူတွေ ပိုမိုထွက်လာစေဖို့၊ တအာင်းတမျိုးသားလုံး နဲ့ TNLA မှာ နိုင်ငံရေးဆိုင်ရာဦးဆောင်နိုင်သူတွေ၊ လုပ်ငန်းပိုင်းဆိုင်ရာဦးဆောင်နိုင်သူတွေ နဲ့ ကဏ္ဍပေါင်းစုံမှာ ဦးဆောင်သူတွေ ထွက်ပေါ်လာစေဖို့ ရည်၇ွယ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဖွဲအစည်းအတွင်း တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တွေကို နိုင်ငံရေးဆိုင်ရာအတွေးအခေါ်တွေ၊ တော်လှန်ရေးဆိုင်ရာအတွေးအခေါ်တွေ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေးအခေါ်တွေ မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ TNLA က ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

related posts

Leave a Comment