Home စစ်ရေး ဗန်းမောက်မြို့ကို SNA ပြန်လည်ထိန်းချုပ်

ဗန်းမောက်မြို့ကို SNA ပြန်လည်ထိန်းချုပ်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ SNA နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

ဒီနေ့ ဇန်နဝါရီ ၃၁ ညပိုင်းမှာ ဗန်းမောက်မြို့ မြို့တော်ခန်းမ နဲ့ မြို့နယ်ပြည်သူ့ဆေးရုံတွေကို SNA က ပြန်လည်ထိန်းချုပ်လိုက်တဲ့ မှတ်တမ်းဓါတ်ပုံတွေကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် – SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

KIA ပူးပေါင်းအဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗန်းမောက်မြို့ခံအများအပြား နဲ့ ကျေးရွာပြည်သူလူထုတို့ မြို့ရဲ့ အနောက်ခြမ်း SNA ထိန်းချုပ်ဒေသသို့ သွားရောက်တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

အဲဒီနောက် SNA ဘက်က အင်အားအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် နေရာအများအပြားကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။

ဗန်းမောက်မြို့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ပြန်လည်ထိန်းချုပ်လိုက်တာနဲ့ ပတ်သက်၍ အသေးစိတ်သိရှိနိုင်ဖို့ ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။

related posts

Leave a Comment