Home ရိုးရာဓလေ့ ဟုမ္မလင်းမှာ သျှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲတော် ကျင်းပ

ဟုမ္မလင်းမှာ သျှမ်းနီရိုးရာကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲတော် ကျင်းပ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ ရှမ်းနှစ် ၂၁၂၀ ပြည့်နှစ် တိုင်းလျမ်(သျှမ်းနီ)ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဲဒီပွဲတော်ကို “ဥရုချောင်းကြီးဒေသလုံးဆိုင်ရာ” (၁၉) အုပ်စုအတွင်းရှိ ၁။ ထိန်ကုန်းကျေးရွာအုပ်စု၂။ မိုင်းကိုင်းကျေးရွာအုပ်စု ၃။ ရေပေါ်မီးကျေးရွာအုပ်စု ၄။ နောင်မိုးကျေးရွာအုပ်စု ၅။ ကျောင်းကုန်းကျေးရွာအုပ်စု ၆။ နောင်တောကျေးရွာအုပ်စု ၇။ နောင်ခမ်းကျေးရွာအုပ်စု ၈။ ဟဲခမ်းကျေးရွာအုပ်စု ၉။နောင်လွန်ကျေးရွာအုပ်စု ၁၀။ ညောင်ပင်သာကျေးရွာအုပ်စု ၁၁။ ပုံနွဲ့ကျေးရွာအုပ်စု ၁၂။ မာလုံကျေးရွာအုပ်စု ၁၃။ စေတီဆိပ်ကျေးရွာအုပ်စု ၁၄။ ကွန်းတောင်းကျေးရွာအုပ်စု ၁၅။ လောင်ဖောင်ကျေးရွာအုပ်စု ၁၆။ ဘိုကုန်းကျေးရွာအုပ်စု ၁၇။ ညောင်ကုန်းကျေးရွာအုပ်စု ၁၈။နံ့သာကျေးရွာအုပ်စု ၁၉။ ဟဲဖက်ကျေးရွာအုပ်စုတွေမှ စုပေါင်းပြီး ကျင်းပနေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကလည်း ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ် မံဝိန်းကျေးရွာမှာ သျှမ်းနီတိုင်းရင်းသားတွေက ၂၁၂၀ ရှမ်းနှစ်သစ်ကူးပွဲတော် နဲ့ သျှမ်းနီကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

related posts

Leave a Comment