Home စစ်ရေး ဗန်းမောက်မှာ SR-10 PDF တပ်ဖွဲ့ဝင် ၂ ဦး SNA ထံ အလင်းဝင်

ဗန်းမောက်မှာ SR-10 PDF တပ်ဖွဲ့ဝင် ၂ ဦး SNA ထံ အလင်းဝင်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ SR-10 PDF တပ်ဖွဲ့ ၂ ဦး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ 614 ထံ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ် ကြောင်လည်တပ်စခန်းမှာ ဆက်သွယ်၍ လာရောက်အလင်းဝင်လာတာဖြစ်ပြီး ၎င်းတို့နဲ့အတူ လက်နက်တွေပါ ယူဆောင်လာတယ်လို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာတဲ့ PDF ရင်း SR-10 က တပ်ဖွဲ့ဝင် ၂ ဦးကို SNA တပ်မဟာ ၆၁၄ မှ လိုအပ်တဲ့ အသုံးဆောင်တွေ နဲ့ ဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း SNA တပ်မဟာ ၆၁၄ တပ်ရင်း – ၁၅ တပ်ခွဲ (၂ ) ဆေရွှေမြင့်ထံ PDF တပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်ရောက်လာတာကြောင့် ၎င်းတို့ကို ဆုငွေ နဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

related posts

Leave a Comment