Home စစ်ရေး ကျောက်မဲမြို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရ

ကျောက်မဲမြို့ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရ

by Homeland Author

သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ရပ်ကွက် (၂) မှာ စစ်တပ်မှ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံး စက်တင်ဘာ ၂၀ ရက် နေ့လယ် ၁ နာရီ ၃၀ ဝန်းကျင်မှာ ထပ်မံလာရောက် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တအာင်းတပ်ဖွဲ့ (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် (၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလ (၉) ရက်နေ့လည်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု၊ လွယ်ခေါ်ရွာ လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၃)လုံး နဲ့ ဒရုန်းဖြင့် ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ လယ်ယာတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံလူထုတွေအနေဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲ ရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာ ဆောင်ရွက်ရန်လိုအပ်တယ်လို့ ဆိုပါတယ်။

ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိမှာ မြို့အနီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားမှုတွေလည်း ရှိလာခဲ့ပါတယ်။

related posts

Leave a Comment