Home » ရှမ်း-ကချင် ပဋိပက္ခမဖြစ်ဖို့ ကြိုးစားနေချိန် KIA ဦးဆောင်၍ SNA ကို ထိုးစစ်ဆင်

ရှမ်း-ကချင် ပဋိပက္ခမဖြစ်ဖို့ ကြိုးစားနေချိန် KIA ဦးဆောင်၍ SNA ကို ထိုးစစ်ဆင်

by Homeland Author

ရှမ်းနီလူမျိုး နဲ့ ကချင်လူမျိုးတို့အကြား လူမျိုးရေး ပဋိပက္ခမဖြစ်ပွားဖို့ ကြိုးစားနေကြချိန်မှာပဲ ကချင်တပ် (KIA) ဦးဆောင်ပြီး ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက မိုးညှင်းဒေသမှာ ရှမ်း နဲ ကချင် လူမျိုးရေး ပဋိပက္ခ မဖြစ်ဖို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်ဘာသာရေးခေါင်းဆောင်တွေ မြစ်ကြီးနားမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။

နှစ်ဖက်ပဋိပက္ခမဖြစ်ရေး ဆွေးနွေးခဲ့ပြီးနောက် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက SNA ထိန်းချုပ်ဒေသ အင်းတော်ကြီးကိုလည်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီနောက် ရှမ်း-ကချင် လူမျိုးရေး မဖြစ်ဖို့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ ကြိုးစားနေချိန် SNA ထိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို စက်တင်ဘာ ၁၅ ရက်ကစ၍ မြို့သိမ်းတိုက်ပွဲဟုဆိုကာ အင်အားအလုံးအရင်းနဲ့ KIA ဦးဆောင်၍ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့ ဒေသခံတစ်ဦးက “သူတို့ (KIA နဲ့ လက်အောက်ခံ တပ်ဖွဲ့) က စတိုက်တဲ့နေ့ကတည်းက နားလိုက် ပစ်လိုက်ပဲ၊ ဖြစ်နေကြတာ၊ ဗန်းမောက်မြို့မှာတော့ မဟုတ်ဘူး။ ဗန်းမောက်အပြင်ဖက်က မြစ်သေးချင်းဘက် အကြီးအကျယ်ပါ့ ဖြစ်နေတာ၊ အောင်သာကုန်းကို KIA တွေ သိမ်းတယ်ဆိုတာ မဟုတ်ဘူး၊ အဲဖက်က တိုက်ပွဲတောင် မဖြစ်ဘူး” လို့ ပြောပါတယ်။

KIA ဦးဆောင်မှုဖြင့် ကသာခရိုင်တပ်ရင်း ၂၊ ၄၊ ၅၊ အမှတ် (၁) စစ်ဒေသ စစ်ကြောင်း၊ အထူးလှုပ်ရှား တပ်ရင်းတွေ၊ ကသာခရိုင် ပကဖလှုပ်ရှားအဖွဲ့ ၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ ဗန်းမောက်မြို့နယ် ပကဖတို့က မြို့သိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်နေတာလို့ သိရပါတယ်။

အဆိုပါ KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့တွေရဲ့ ဗန်းမောက်မြို့အတွင်းသို့ လက်နက်ကြီးတွေနဲ့ ရမ်းတမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေလည်း ရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာတဲ့ KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တို့ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ထိခိုက် ဒဏ်ရာရရှိသူတွေ၊ သေဆုံးသူတွေကို ပြန်လည်သယ်ထုတ်နေတဲ့ ရုပ်သံဖိုင်လည်း ထွက်ပေါ်နေပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့နယ်အတွင်း တော်လှန်‌ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အင်တာနက်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်ထားပါတယ်။

အလားတူ အင်းတော်မြို့နယ်ကနေ ဗန်းမောက်မြို့နယ်ကိုသွားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ပါတယ်။

တဖက်မှာလည်း KIA ဦးဆောင်မှုဖြင့် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေပြီး အလုံးစုံသိမ်းပိုက်နိုင်ခြင်း မရှိဘဲ စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် KIA ပူးပေါင်းတပ်တို့ စခန်းအချို့ လက်လွှတ်ခဲ့ရမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment