Home စစ်ရေး ဗန်းမောက်မှာ အင်တာနက်တွေကို ပအဖ ပိတ်၊ မလိုက်နာပါက စက်တွေ သိမ်းမည်ဟု ဆို

ဗန်းမောက်မှာ အင်တာနက်တွေကို ပအဖ ပိတ်၊ မလိုက်နာပါက စက်တွေ သိမ်းမည်ဟု ဆို

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်း တော်လှန်‌ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ အင်တာနက်တွေကို စက်တင်ဘာ ၁၅ ရက်မှစ၍ အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

၎င်းတို့ စိုးမိုးနယ်မြေအတွင်း စီးပွားရေး၊ လူမှုရေးဆောင်ရွက်ကြတဲ့ ဆိုင်တွေအနေနဲ့ လုံခြုံရေးအရဆိုကာ ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။

ပအဖ ဟာ “ဗန်းမောက်မြို့နယ် တော်လှန်ရေးအင်အားစုတွေ စိုးမိုးအုပ်ချုပ်ရာ ဒေသတွေအတွင်း စီးပွားရေး၊ လူမှုရေးဆောင်ရွက်နေကြတဲ့ Internet WI-FI ဆိုင်တွေ အနေဖြင့် နယ်မြေလုံခြုံရေးအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြဖို့ ကြေညာချက် ထုတ်ပြန်လိုက်တယ်” လို့ ဆိုပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့ ဆိုင်တွေကို စစ်ဆေးတွေ့ရှိပါက မြို့နယ်အဖွဲ့အစည်းတွေအနေနဲ့ အင်တာနက် အထိုင်စက် နဲ့ လိုင်းခွဲစက်တွေပါ သိမ်းယူမည်လို့ ဆိုပါတယ်။

အဲဒီနောက် အင်တာနက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ့်ရက်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန် ကြေညာမယ်လို့ ဆိုပါတယ်။

အလားတူ အင်းတော်မြို့နယ်ကနေ ဗန်းမောက်မြို့နယ်ကိုသွားတဲ့ အင်းတော် – ဗန်းမောက် ဗျူဟာလမ်း အပါအဝင် အခြားသောလမ်းပိုင်းအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က စက်တင်ဘာ ၁၅ ရက်မှာပဲ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်တွေဟာ စစ်ရေး အကြောင်းပြ၍ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်ခြင်း ဖြစ်တယ်လို့ ဗန်းမောက်ဒေသခံတွေက ပြောပါတယ်။

အင်းတော် – ဗန်းမောက် ဗျူဟာလမ်း၊ အင်တာနက်တွေ ပိတ်ပင်တဲ့ စက်တင်ဘာ ၁၅ ရက်မှာပဲ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း SNA ထိန်းချုပ်ဒေသတွေကို KIA နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက မကြာခဏဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပြီး လက်ရှိမှာ ဗန်းမောက်မြို့သိမ်းပိုက်ရေး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment