Home စစ်ရေး TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၅ ဦး ဒဏ်ရာရ

TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၅ ဦး ဒဏ်ရာရ

by Homeland Author

တအာင်းတပ် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ (၁) ရပ်ကွက် ပင်လုံလမ်း ကမ္ဘောဇရှမ်းကျောင်းအနီး စစ်တပ်က ဒီကနေ့ ၂ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မဲမြို့လေကြာင်းတိုက်ခိုက်ခံရတာကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘောဇရှမ်းကျောင်းမှ ကျောင်းဆောင်အချို့ ပျက်စီးခဲ့သလို နေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ကို အားပေးထောက်ခံတဲ့ တယ်ရီဂရမ်ချန်နယ်တွေမှာတော့ ကျောက်မဲမြို့ ထွေအုပ်ရုံးမှာ စခန်းချနေရာယူထားတဲ့ TNLA တပ်ဖွဲ့ကို ဗုံးကြဲရှင်းလင်းတာလို့ ရေးသားကြပါတယ်။

ကမ္ဘောဇရှမ်းကျောင်းအနီးမှာ ထိခိုက်ဒဏ်ရလူနာ အမျိုးသား (၂)ဦး နဲ့ အမျိုးသမီး (၃)ဦးကို နီးစပ်ရာ ဆေးခန်းသို့ နမ့်ခုံး ရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲမှ ပို့ဆောင်ကူညီပေးခဲ့ပါတယ်။

သျှမ်းမြောက်မှာ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်မြို့တွေကို မကြာခဏဆိုသလို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိနေပါတယ်။

#TNLA#စစ်တပ်#လေကြောင်းတိုက်ခိုက်#ကမ္ဘောဇရှမ်းကျောင်း#ထွေအုပ်ရုံး#Homeland

related posts

Leave a Comment