Home စစ်ရေး SNA ဗဟိုစစ်ဌာနချုပ် မိန်းဆိုင်တိုင်းနိုင်းမှာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

SNA ဗဟိုစစ်ဌာနချုပ် မိန်းဆိုင်တိုင်းနိုင်းမှာ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ

by Homeland Author

ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ဗဟိုစစ်ဌာနချုပ်၊ မိန်းဆိုင်တိုင်းနိုင်းမှာ အမှတ်စဥ် (၁)၊ အပတ်စဉ် (၂) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီကနေ့ ဇွန်လ (၂၁) ရက်နေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကိုတော့ ဒေသခံဆရာတော်သံဃာတော်တွေ၊ ရပ်မိရပ်ဖတွေနဲ့ SNA မှ အရာရှိတွေ ဖိတ်ကြားထားတဲ့ မဟာမိတ် ဧည့်သည်တော်တွေလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNUC/SNA ဟာ မူ (၅) ချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး မိမိတို့ရဲ့ ရှမ်းနီလူမျိုးမှန်လျှင် အရွယ်ရောက်ပြီးသူ ကျား/မ မရွေးအနည်းဆုံး တစ်အိမ်တစ်ယောက် စစ်မူထမ်းဆောင်ရမှာ ဖြစ်တယ်လို့သိရပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ကို ကချင်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ တိုင်းဆာ၊ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းမောဝ်၊ တိုင်းကဒူး၊ တိုင်းကနန်း၊ တိုင်းခွမ်၊ တိုင်းခမ်းတီး၊ တိုင်းနိုင်း- တိုင်းလိုင်- တိုင်းလျဲန် ခေါ် ရှမ်းနီ စတဲ့ ရှမ်းမျိုးနွယ်စုတွေကို ကိုယ်စားပြု ဖွဲ့စည်းထားတာ ဖြစ်တသလို လက်ရှိမှာတော့ တပ်မဟာ ၉၇၂၊ တပ်မဟာ ၈၉၁၊ တပ်မဟာ ၇၅၃၊ တပ်မဟာ ၆၁၄၊ တပ်မဟာ ၅၆၅ နဲ့ ဗဟိုဌာနချုပ်တစ်ခု အထူးစစ်ကြောင်း သုံးကြောင်း စသဖြင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment