သတင်းဓါတ်ပုံ
တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်မှ စက်လတ်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ် (TNLA) က ထုတ်ပြန်ပါတယ်။
ဧပြီလ ၁ ရက်နေ့ ညနေ ၉ နာရီ ၂၁ မိနစ်ခန့်က တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးဟာ မန္တလေးမြို့သို့ ခရီးဆက်ရာ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ အသင့်စောင့်ပစ်ခတ်တာကို ခံခဲ့ရတာလို့ ဆိုပါတယ်။
အဆိုပါ ယာဉ်တန်းတွေဟာ မန္တလေးမြို့သို့ ခရီးဆက်သွားမယ့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပိုခဲ့ပြီးဖြစ်ပေမယ့် အခုလို လမ်းခရီးမှာ ပစ်ခတ်ခံခဲ့ရပြီး နောင်ချိုမြို့ကို ပြည်လည်ဆုတ်ခွာ လာခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို TNLA မှ ကာကွယ်စောင့်ရှောက်ပေးထားပြီး ၎င်းတို့ လိုရာခရီးကို ဆက်လက် ပို့ဆောင်သွားမယ်လို့ ဆိုပါတယ်။


