Home ငြိမ်းချမ်းရေး လုံခြုံရေးအရ ပိတ်ထားတဲ့ လွိုင်စန့်လုံ (ဇလုံတောင်) တောင်တက်ခရီးစဉ်ကားတွေ ပြန်စ

လုံခြုံရေးအရ ပိတ်ထားတဲ့ လွိုင်စန့်လုံ (ဇလုံတောင်) တောင်တက်ခရီးစဉ်ကားတွေ ပြန်စ

by Homeland Author

(သတင်းဓါတ်ပုံ)

လုံခြုံရေး အခြေအနေတွေကြောင့် ပိတ်ထားရတဲ့ ဗန်းမောက်မြို့နယ်အတွင်းက လွိုင်စန့်လုံ (ဇလုံတောင်) တောင်တက်ခရီးစဉ်ကားတွေ ဒီကနေ့ (ဇန်နဝါရီ ၆ ရက်) မှ စတင်ပြီး ခွင့်ပြုလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

လွိုင်စန့်လုံ (ဇလုံတောင်) တောင်တက်ကားဂိတ်ဖွင့်ပွဲ အခမ်းအနားကို ဗန်းမောက်မြို့နယ် ဇလုံတောင် ဘုရားကြီး ဩဝါဒါစရိယအဖွဲ့၊ နာယကအဖွဲ့ နဲ့ ဂေါပကအဖွဲ့က ကြီးမှူးကာ ဒီကနေ့ မနက် ၉ နာရီမှာ ဗန်းမောက်မြို့ မြို့တော်ခန်းမရှေ့၌ ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်ထားခဲ့တဲ့ လွိုင်စန့်လုံ (ဇလုံတောင်) တောင်တက်ခရီးစဉ်ကားတွေ ဒီကနေ့မှာ ပြန်လည် စတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ လွိုင်စန့်လုံ (ဇလုံတောင်) ဟာ မြန်မာနိုင်ငံအတွင်း အထင်ကရနေရာတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။

related posts

Leave a Comment