Home လမ်းပန်းဆက်သွယ်ရေး ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်တဲ့ ရတနာသိင်္ခတံတား ကျိုးကျ

ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်တဲ့ ရတနာသိင်္ခတံတား ကျိုးကျ

by Homeland Author

မန္တလေးတိုင်း ဒေသကြီး၊ စဉ့်ကူးမြို့ နဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျောက်မြောင်းမြို့တို့ကိုဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်တဲ့ ရတနာသိင်္ခတံတားဟာ ဒီနေ့ (အောက်တိုဘာ ၂၉ ရက်) မနက်ပိုင်းမှာ ကျိုးကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တံတားကျိုးကျပျက်စီးမှုမှာ မိုင်းထောင်ဖောက်ခွဲခံရတာ၊ ဒရုန်း၊ လက်နက်ကြီးထိမှန်တာ စတာတွေကြောင့်ဖြစ်နိုင်တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် သီးခြားအတည်မပြုနိုင်သေးပါ။

တံတားပျက်စီးသွားတာကြောင့် ရွှေဘို၊ ကျောက်မြောင်းမြို့တွေ နဲ့ စဉ့်ကူးမြို့နယ်တို့အကြား လမ်းပန်း ဆက်သွယ်ရေး၊ ကုန်စည်သယ်ယူပို့ဆောင်မှုတွေလုပ်ဆောင်ရာမှ ခက်ခဲသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရတနာသိင်္ခတံတားကို ၂၀၁၀ ပြည့်နှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်အသုံးပြုခဲ့ကာ တံတားအရှည် ပေ ၂၄၈၀ ရှိတဲ့ သံမဏိသံပေါင်တံတားဖြစ်ပါတယ်။

related posts

Leave a Comment