15
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၇၅၃ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့အတူ ဒီနေ့ နိုဝင်ဘာ ၂၂ ရက်မှာ စုပေါင်းဘုံကထိန်ခင်းကျင်းလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီစုပေါင်းဘုံကထိန်ကို SNA တပ်မဟာ ၇၅၃ က အရာရှိ၊ အရာခံနဲ့ စစ်သည်တွေ၊ နမ့်တောဒေသခံပြည်သူတွေ စုပေါင်းပြီး ကျင်းပခဲ့ကြတာလို့ သိရပါတယ်။