Home » ရခိုင်ပြည်နယ်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA ထိန်းချုပ်ထားဟု ISP ပြော

ရခိုင်ပြည်နယ်ရဲ့ ၉၂ ရာခိုင်နှုန်းကျော်ကို AA ထိန်းချုပ်ထားဟု ISP ပြော

by Homeland Author

အာရက္ခတပ်တော် (ULA/AA) ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ ရခိုင်ပြည်နယ်အတွင်း ထိုးစစ်တွေ စတင်ခဲ့ပြီး လက်ရှိမှာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်ရဲ့ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီဒေသတွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဖော်ဆောင်ဖို့အတွက် AA က အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (APRG) ကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ခုနှစ် မေလကစတင်ကာ ပလက်ဝဒေသအပါအဝင် ခရိုင်ရှစ်ခု ဖွဲ့စည်းပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ISP-Myanmar က ဖော်ပြထားပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်မှာ ထုတ်ဝေခဲ့တဲ့ “ပြည်ကြီးဝန်ကို အိုးတန်ဆန်ခပ် – ULA/AA ၏ စီမံအုပ်ချုပ်မှုနှင့် နယ်မြေစိုးမိုးမှုအလွန် စိန်ခေါ်ချက်များ” ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ISP ညွှန်းပြမြေပုံ ၂၄/၂၀၂၆ (ISP-M2026-024) အရ သိရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA ရဲ့ နယ်မြေထိန်းချုပ်မှုဟာ အကျယ်အဝန်းကြီးမားလာနေပြီး အဲဒီနယ်မြေတွေမှာ ဒေသန္တရအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူမှာလည်း စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment