Home » ကျားနီပါတီဥက္ကဌကို SNA ခြိမ်းခြောက်ဟု ရေးသားမှု မှန်ကန်မှုမရှိ

ကျားနီပါတီဥက္ကဌကို SNA ခြိမ်းခြောက်ဟု ရေးသားမှု မှန်ကန်မှုမရှိ

by Homeland Author

တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီ) ပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က ခြိမ်းခြောက်နေတယ်လို့ ပြောဆိုရေးသားမှုတွေဟာ မှန်ကန်မှုမရှိဘူးလို့ စိုင်းဌေးအောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မေလ ၂၂ ရက်မှာ တုံ့ပြန်ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ဟာ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ (၁၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို မိုးညှင်းမြို့ပေါ်မှာ ကျင်းပခဲ့သလို ပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်ဟာလည်း မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားက ဒေသခံရှမ်းလူထုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီတွေ့ဆုံမှုကြောင့် မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာမှ SNA တာဝန်ရှိခေါင်းဆောင်တွေဟာ စိုင်းဌေးအောင်ကို ခြိမ်းခြောက်ခဲ့တာလို့ လူမှုကွန်ရက်တွေမှာ ဝါဒဖြန့်ရေးသားခဲ့ကြတာပါ။

စိုင်းဌေးအောင်က “SNA နဲ့ ပတ်သက်လို့ အသက် ၆၀ ကျော်တွေကို ပြန်လွှတ်ဖို့၊ ပြန်မလွှတ်သေးရင်လည်း စစ်သင်တန်းမပေးဖို့၊ သင်တန်းဆင်းပြီးတာနဲ့ ပြန်လွှတ်ပေးဖို့၊ ကျောင်းသားတွေကိုလည်း ကျောင်းတက်ချိန်အမှီ ပြန်လွှတ်ပေးဖို့ပါ။ ကျနော်ပြောတဲ့စကားနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ မခြိမ်းခြောက်ခဲ့ပါဘူး” လို့ ပြောပါတယ်။

related posts

Leave a Comment