Home » KIA နဲ့ ဆက်စပ်တဲ့ မိုးကောင်းက ဆရာတော်တစ်ပါးကို စစ်တပ်ဖမ်းဆီး

KIA နဲ့ ဆက်စပ်တဲ့ မိုးကောင်းက ဆရာတော်တစ်ပါးကို စစ်တပ်ဖမ်းဆီး

by Homeland Author

မိုးကောင်းမြို့နယ် ပင်းဘောအုပ်စု အင်ကြင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တစ်ပါးကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ဆက်စပ်တယ်လို့ဆိုပြီး စစ်တပ်က မေလ ၁၃ ရက် ည ၁၁ နာရီကျော်မှာ ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

အင်ကြင်းကုန်းဆရာတော်ကို ဖမ်းဆီးပြီးနောက် စစ်တပ်က နမ္မတီးမြို့အဝင် စကခကုန်းမှာ ဖမ်းဆီးထားကြောင်း မိုးကောင်းဒေသခံတစ်ဦးက ပြောပါတယ်။

“နေ့လည်ကတည်းက စစ်တပ်က အင်အား ၈၀ လောက်နဲ့ လုံခြုံရေး ယူထားတာ၊ ည ၁၁ နာရီကျော်လောက်မှာ ဖမ်းသွားတာ၊ နမ္မတီး စကခကုန်းမှာ ဖမ်းထားတာလို့ သတင်းကြားရတယ်” လို့ ပြောပါတယ်။

အင်ကြင်းကုန်း ဆရာတော်ကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၅၆၅ မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြောဆိုရေးသားမှုတွေဟာ မှန်ကန်မှု မရှိဘဲ နမ္မတီး စကခကုန်းမှာ ဖမ်းဆီးထားခြင်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်ကြင်းကုန်း ဆရာတော်ကို မဖမ်းဆီးခင် ပြီးခဲ့တဲ့ ၁ လကတည်းက စစ်တပ်က ထောက်လှမ်းစောင့်ကြည့်နေတာဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆရာတော်ကို ဖမ်းတုန်းက ရွှေ ၁၄ ကျပ်သားနဲ့ ကျေးရွာက လှူဒါန်းထားတဲ့ ငွေတွေကို ဂေါပကမှာ အပ်သွားတယ်လို့ ကြားတယ်။ နောက်ပြီး ဆက်သွယ်ရေးစက်တွေလည်း မိတယ်၊ နွေဦးထီလည်း ရောင်းတယ်လို့ ပြောကြတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ အင်ကြင်းကုန်းဆရာတော်ကို လူဝတ်လဲပြီး KIA နဲ့ ဆက်စပ်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်၍ စစ်ဆေးမေးမြန်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

related posts

Leave a Comment