Home » ပင်လည်ဘူး၊ အင်းတော်အပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာ

ပင်လည်ဘူး၊ အင်းတော်အပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေကြေညာ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပင်လည်ဘူး၊ အင်းတော်၊ ကောလင်းမြို့အပါအဝင် မြို့နယ် ၆၀ ကို အရေးပေါ်အခြေအနေ ကြေညာတယ်လို့ ဦးမင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေဖို့ နဲ့ နယ်မြေ‌ဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှ မြို့နယ် ပေါင်း ၆၀ ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၂ (က) အရ အရေးပေါ် အခြေအနေ ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ကို စစ်တပ်က စစ်ကြောင်းထိုးဖို့အတွက် သတင်းထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ အရေးပေါ်၊ ဆေးဝါး၊ ရိက္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းတွေ ထုတ်ပိုးပြင်ဆင်ထားဖို့ကိုလည်း Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

related posts

Leave a Comment