Home နိုင်ငံရေး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဆောင်ရွက်နေ

ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဆောင်ရွက်နေ

by Homeland Author

လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုတွေ ရိုက်ကူးရေးမှာ ရုပ်ရှင်အနုပညာရှင် များပါဝင် ရိုက်ကူး​ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

ရိုက်ကူးရေးမှာ ရုပ်ရှင်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ စိုင်းစိုင်းခမ်းလှိုင်၊ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ရွှေထူး၊ ညီနန္ဒ၊ ဟိန်းဝေယံ၊ ပိုင်တံခွန်၊ အောင်ရဲလင်း၊ အလင်းရောင်၊ တိုင်ရွန်၊ လွှမ်းပိုင်၊ ကျော်ထက်အောင်၊ ထူးအောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊ အကယ်ဒမီ ချောရတနာ၊ အကယ်ဒမီ အေးမြတ်သူ၊ အကယ်ဒမီ ရွှေမှုန်ရတီ၊ အကယ်ဒမီ ခင်ဝင့်ဝါ၊ မိုးဟေကို၊ ယွန်းဝတီလွင်မိုး၊ ပိုးမမှီသာ၊ ရတနာဗို၊ သ ဉ္ဇာဝင့်ကျော်၊ ဖူးစုံ၊ နော်ဖောအယ်ထား၊ ဆောင်းဝတ်ရည်မေ၊ မေပန်းချီ၊ သဲစုညိမ်း၊ မေမီကိုကိုနှင့် ရွှေသမီးတို့က ပါဝင်တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်မှ စတင်ပြီး ရန်ကုန်မြို့ အနုပညာရပ်ဝန်းမှာ ရုပ်ရှင်ဒါရိုက်တာတွေ နဲ့ အနုပညာရှင်တွေပူးပေါင်း၍ ရွေးကောက်ပွဲ အသိပညာပေးနှိုးဆော်မှုတွေ ရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။

related posts

Leave a Comment