11
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာနေပါတယ်။
အဆိုပါ ရုပ်သံဖိုင်တွေနဲ့အတူ “ဗန်းမောက်မြို့ပေါ်ရှိနေအိမ်များကို KIA ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေး PDF များနှင့်အတူ 26.10.2025 ရက်နေ့ နံနက်၁၀နာရီခွဲအချိန်တွင် စတင်မီးရှိုးဖျက်ဆီးနေ” ဟု ရေးသားထားကြပါတယ်။
ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ထားပါတယ်။