ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဒေသခံတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ အပေါင်းအပါတွေကို ဒီနေ့ အောက်တိုဘာ ၇ ရက်နေ့မှာ ဆန့်ကျင် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဆန္ဒပြဒေသခံတွေကို ဌာနပြည်သူ့စစ်တွေက လက်နက်အပြည့်အစုံဖြင့် လုံခြုံရေး တာဝန်တွေ ယူပေးခဲ့တာကို တွေ့ရှိရင်သလို ဆန္ဒပြ လူဦးရေး အများအပြား ပါဝင်လာတာကို တွေ့ရှိရပါတယ်။
ဒါ့အပြင် လန်ဆယ်ဒေသမှာ စစ်တပ် နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့မှ ဆင်နွှဲလျက်ရှိတဲ့ စစ်ဆင်ရေးတွေ အားပေးထောက်ခံကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြတာကို တွေ့ရှိရပါတယ်။
ဒေသခံတွေဟာ ” လန်ဆယ်ဒေသကို ကျူးကျော်ဝင်ရောက်လာတဲ့ KIA နဲ့ အပေါင်းအပါများအား ဆန့်ကျင်ကြ၊ ဆန့်ကြင်ကြ၊ စစ်မျက်နှာ အသီးသီးမှ မျိုးချစ်စစ်သည်များ ကျန်းမာပါစေ၊ ကျန်းမာပါစေ၊ တရားသော စစ်ပွဲများ အောင်မြင်ပါစေ၊ အောင်မြင်ပါစေ” စသဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။
ဒါ့အပြင် ဒေသခံတွေဟာ ဘိုးဘွားပိုင်မြေများ တည်တံ့ရေး ဒို့အရေး၊ တိုင်းရင်းသားများ စည်းလုံး ညီညွှတ်ရေး ဒို့အရေး၊ သမိုင်းဝင်ဘိုးဘွားပိုင် နယ်မြေအားများ တန်ဖိုးထားကြပါ၊ လန်ဆယ်ဒေသ ပြန်လည်ရရှိရေး၊ လန်ဆယ်ဒေသ စစ်ဆင်ရေးများ အောင်ပါစေဆိုတဲ့ စာသားနဲ့ ဗီနိုင်းတွေကိုလည်း ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ကလည်း ခေါင်လန်ဖူးမြို့မှာ ဒေသခံတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ အပေါင်းအပါတွေ အလိုမရှိဟု ဆန္ဒပြခဲ့ကြပြီး စစ်တပ် နဲ့ ဌာနေပြည်သူ့စစ်တို့ရဲ့ ထိုးစစ်ကို ထောက်ခံကြိုဆိုပွဲကို ကျင်းပခဲ့ကြပါတယ်။


