Home နိုင်ငံရေး ယောဒေသမှာ စစ်မှုထမ်းဖို့ PDF အမိန့်ထုတ်၊ ၂ နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ ဆို

ယောဒေသမှာ စစ်မှုထမ်းဖို့ PDF အမိန့်ထုတ်၊ ၂ နှစ် တာဝန်ထမ်းဆောင်ရမယ်လို့ ဆို

by Homeland Author

မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသမှာ စစ်မှုထမ်းကြဖို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က အမိန့်ထုတ်ပြန်ပါတယ်။

အသက် (၁၈) နှစ် မှ (၃၀) နှစ်အထိ (၆ လပိုင်း ၁၉၉၅ ခုနှစ်မှ ၆ လပိုင်း ၂၀၀၇ ခုနှစ်) အတွင်း မွေးဖွားသူတွေ၊ အသက် ကန့်သတ်ချက် ကျော်လွန်သော်လည်း စိတ်ဆန္ဒရှိပြီး တာဝန်ထမ်းဆောင်နိုင်သူတွေ၊ အိမ်ထောင်စုစာရင်းမှာ မပါဝင်သော်လည်း ကျေးရွာမှာ အခြေချ နေထိုင်သူတွေ ယောဒေသ အရန်အင်အားစုတွေအဖြစ် မဖြစ်မနေ အခြေခံ စစ်ပညာသင်တန်းတက်ရောက်ရမယ်လို့ ဆိုပါတယ်။

ဆွံအနားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေ၊ စိတ်ရူးနှမ်းပေါ့သွပ်သူတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ (၂) အောက် ကလေးနို့တိုက်မိခင်တွေ၊ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း အသက်၊ ကိုယ်လက်အင်္ဂါပေးဆပ် ထားရသူ မိသားစုဝင်တွေ၊ တပ်တွင်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ မိသားစုဝင်တွေ၊ အခြေခံပညာ ဆက်လက်သင်ယူနေတဲ့ ကျောင်းသား/ ကျောင်းသူတွေ စစ်မှုထမ်းဖို့ ကင်းလွတ်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

တာဝန်မထမ်းဆောင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခြား ခရီးထွက်တာ၊ သာသနာ့ဘောင်ဝင်တာ၊ တပ်ဖွဲ့ဝင်ရဲဘော်ဖြစ်သော်လည်း တာဝန်ပျက်ကွက်ပြီး တပ်နဲ့ ကင်းကွာနေသူတွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့် မရှိစေရလို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ပျက်ကွက်တဲ့ မိသားစုဝင်တွေဟာ မိသားစုဝင် (၁) ဦးမှ အစားထိုး သင်တန်းတက်ရောက်ဖို့၊ သင်တန်း (၁) ပတ်စဉ် ကုန်ကျစရိတ် ကျခံရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းသင်တန်းပြီးဆုံးပါက ကျေးရွာ၊ အုပ်စု ဒေသအတွင်း လုံခြုံရေး၊ ကာကွယ်ရေးတာဝန်တွေ (အချို့ကျ) အလှည့်ကျ ၂ နှစ် တာဝန် ထမ်းဆောင်ရမယ်လို့ ဆိုပါတယ်။

related posts

Leave a Comment