Home နိုင်ငံရေး လူကုန်ကူးမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး တိုက်ဖျက်မယ်လို့ DKBA ပြော

လူကုန်ကူးမှုတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး တိုက်ဖျက်မယ်လို့ DKBA ပြော

by Homeland Author

လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနဲ့အတူ ပူးပေါင်းပြီး တိုက်ဖျက်သွားမယ်လို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က မနေ့က ဖေဖော်ဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

DKBA က “မိမိတို့ အဖွဲ့အစည်းအနေနဲ့ လက်ရှိ နိုင်ငံတကာမှ တိုက်ဖျက်လျက်ရှိတဲ့ လူကုန်ကူးခြင်း၊ လူလူချင်း ညှင်းပန်းနှိပ်စက်ခြင်းတို့ကို နိုင်ငံတကာနဲ့အတူ ပူးပေါင်းတိုက်ဖျက်သွားမယ်၊ ဒေသခံပြည်သူလူထု စားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် မိမိတို့ ထိန်းချုပ်နယ်မြေအတွင်း လူကုန်ကူးခံရသူတွေကို မြန်မာနိုင်ငံသံရုံးနဲ့အတူ နိုင်ငံတကာ သံရုံးတွေမှ တောင်းခံလာပါက ရှာဖွေပေးအပ်သွားမယ်လို့ ဆိုပါတယ်။

မိမိတို့ DKBA ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး တားဆီးနှိမ်နှင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ အွန်လိုင်းလောင်းကစား ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အာဏာပိုင်တွေက ဖိအားပေး ဖမ်းဆီးမှုတွေကြောင့် အဆိုပါ လုပ်ငန်းတွေဟာ ထိုင်း-မြန်မာ နယ်စပ်သို့ ရွေ့ပြောင်း လုပ်ကိုင်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထို့အတူ DKBA ထိန်းချုပ်ထားတဲ့ ဘုရားသုံးဆူမြို့မှာ ကျားဖြန့်လုပ်ငန်းတွေ ပိုမိုများပြားလာနေပြီး အဆိုပါ လုပ်ငန်းတွေကို DKBA က ခွင့်ပြုထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment