Home » စစ်တပ်စခန်းတစ်ခုကို KNLA သိမ်းပိုက်

စစ်တပ်စခန်းတစ်ခုကို KNLA သိမ်းပိုက်

by Homeland Author

ပုလောမြို့နယ်၊ မကျည်းကုန်းရွာရှိ မြန်မာစစ်တပ်ရဲ့ ကာကင်းစခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့နဲ့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ခွဲ (၂) တို့ ပူးပေါင်းပြီး အောက်တိုဘာ ၁၂ ရက် မနက် ၇ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၇ နာရီခွဲမှာတော့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း မြန်မာစစ်တပ်ဘက်က ၁၀ ဦးခန့် ကျဆုံးပြီး ၅ ဦးခန့် ဒဏ်ရာရရှိခဲ့သလို မိမိတို့ဘက်က လက်နက်ငယ် ၄ လက်၊ လက်နက်ကြီး ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

related posts

Leave a Comment