Home » စစ်တပ်စခန်း နှစ်ခု သိမ်းပိုက်ရရှိဟု AA ပြော

စစ်တပ်စခန်း နှစ်ခု သိမ်းပိုက်ရရှိဟု AA ပြော

by Homeland Author

ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ စစ်တပ်ရဲ့ ပွိုင့် ၂၂၇ ကုန်းက ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော် (AA) က ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

အဲဒီ စခန်းကုန်းမှ စွန့်ခွာသွားတဲ့ စစ်တပ်အဖွဲ့ဝင်အချို့နဲ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ထပ်မံတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်းအချို့၊ စစ်အသုံးအဆောင်ပစ္စည်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း AA သိမ်းပိုက်ထားတဲ့ စခန်းကုန်းတွေ နဲ့ တိုက်ပွဲဖြစ်ပွားရာနေရာတွေကို စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ အကြိမ်ကြိမ် လာရောက်တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာ၊ အဝေးမှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇွန်လအတွင်းကလည်း ဧရာတိုင်းအတွင်းက စစ်တပ်စခန်း (၃) ခု ကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA) က သတင်းထုတ်ပြန်ပါတယ်။

စစ်တွေ၊ ကျောက်ဖြူမြို့ ပတ်ဝန်းကျင်၊ ရခိုင် – မကွေးအစပ်၊ ရခိုင် – ပဲခူးအစပ်၊ ရခိုင်နဲ့ထိစပ်နေတဲ့ ချင်းပြည် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ အစပ်နေရာတွေမှာလည်း AA နဲ့ စစ်တပ်အကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ကို သိမ်းပိုက်ထားနိုင်သလို ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူ နဲ့ မာန်အောင်မြို့တို့မှာလည်း စစ်တပ် နဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment