20









စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် နားနန့်ထွန်ကျေးရွာအုပ်စု နန့်ကျဉ်ကျေးရွာရှိ ကြိုးတံတားဟာ မနေ့က ဩဂုတ် ၄ ရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျိုးကျသွားတယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဒီနှစ်မှ ရွာက ပြန်ပြင်ထားတာ၊ အခုက ရေကြီးပြီး အရှိန်နဲ့ တိုက်လိုက်လို့ ကျိုးကျသွားပြီ” လို့ ပြောပါတယ်။
အဆိုပါ ကျိုးကျသွားတဲ့ နမ့်ကျဉ်တံတားကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ မှ တာဝန်ယူ၍ ပြန်လည်တည်ဆောက်ပေးသွားမယ်လို့ သိရပါတယ်။








