14






ဟုမ္မလင်းမြို့နယ် စေတီဆိပ်နဲ့ နမ့်သာကျေးရွာတွေမှာ မိုးဆက်တိုက်ရွာနေတာကြောင့် ဥရုချောင်းရေကြီးပြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် ဒေသခံတွေရဲ့ သွားလာရေးမှာ အခက်အခဲတွေ ရှိနေသလို ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေက ပျဉ်တိုပျဉ်စတွေလည်း ရေထဲမျောပါနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို ကျေးရွာသူကျေးရွာသားတွေက ထမင်းထုပ်တွေ လိုက်လံဝေငှကူညီပေးနေတယ်လို့ သိရပါတယ်။





