Home » တနှစ် ထမင်းဖိုး ဒေါ်လာ ၁၈ သန်းကုန်လို့ PRF အားကောင်းဖို့ လိုဟု ဒေါက်တာဇော်ဝေစိုးပြော

တနှစ် ထမင်းဖိုး ဒေါ်လာ ၁၈ သန်းကုန်လို့ PRF အားကောင်းဖို့ လိုဟု ဒေါက်တာဇော်ဝေစိုးပြော

by Homeland Author

တော်လှန်ရေးရဲဘော်တွေရဲ့ ထမင်းဖိုး တစ်လကို မြန်မာငွေ သိန်းပေါင်း ၆ သောင်းကုန်ကျပြီး အမေရိကန်ဒေါ်လာနဲ့ တွက်လိုက်ရင် ထမင်းဖိုး တစ်လ ဒေါ်လာ ၁.၅ သန်း၊ တစ်နှစ်ကို ဒေါ်လာ ၁၈ သန်းလောက် ကုန်ကျတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) ရဲဘော်တချို့နဲ့ ထမင်းအတူတူ စားနေတဲ့ ဒေါက်တာဇော်ဝေစိုးက ရဲဘော်တစ်ယောက်အတွက် တစ်ရက်ကို ထမင်းဖိုး ကျပ် ၂,၀၀၀ လောက်ကုန်ကျပြီး တစ်လကို ကျပ် ၆၀,၀၀၀ လောက် ကုန်တယ်လို့ ဆိုပါတယ်။

NUG ရဲ့ တစ်နှစ်ဝင်ငွေက သန်း ၅၀ လောက်ပဲရှိပြီး ရဲဘော်တွေအတွက် လက်နက်၊ ကျည်၊ ယူနီဖောင်း စတဲ့ လိုအပ်ချက်တွေ အများကြီးရှိတာကြောင့် အားစိုက်ရတယ်လို့ ပြောပါတယ်။

ဒါကြောင့် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အားကောင်းဖို့ လိုအပ်ကြောင်းနဲ့ ပြည်သူတွေက ပိုပြီး ထောက်ပို့နိုင်မှသာ နေထိုင်စားသောက်ဖို့နဲ့ တိုက်ပွဲဝင်ဖို့ ပိုအဆင်ပြေမှာ ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

related posts

Leave a Comment