15









မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်က စစ်ဘေးရှောင်ပြည်သူတွေကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဟာမ ၅၆၅ ကနေ စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က SNA တပ်မဟာ ၅၆၅ က အဖွဲ့ဝင်တွေဟာ ဆန်၊ ဆီ၊ ဆား၊ ငပိ စတဲ့ အခြေခံစားသောက်ကုန်တွေကို သွားရောက်ကူညီပေးခဲ့တာလို့ ဆိုပါတယ်။
ဗန်းမော်၊ ဆင်ဘို၊ တာလောကြီးနဲ့ ဝိုင်းမော်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမြို့ပေါ်ကို ထွက်ပြေးခိုလှုံလာရတဲ့ စစ်ဘေးရှောင်တွေ အများကြီးရှိနေပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာတင်မကဘဲ ဆေးဝါးတွေနဲ့ အမိုးအကာတွေပါ အကူအညီတွေ အများကြီး လိုအပ်နေသေးတယ်လို့ သိရပါတယ်။








