Home » ကချင်ပြည်နယ် ရှမ်းဝန်ကြီးနဲ့ ရှမ်းမျိုးနွယ်စုတို့ တွေ့ဆုံ

ကချင်ပြည်နယ် ရှမ်းဝန်ကြီးနဲ့ ရှမ်းမျိုးနွယ်စုတို့ တွေ့ဆုံ

by Homeland Author

ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စိုင်းတင်အောင် နဲ့ ကချင်ပြည်နယ်အတွင်းရှိ ရှမ်းမျိုးနွယ်စုတို့ မိုးညှင်းအရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်အတွင်း တွေ့ဆုံခဲ့ကြတယ်လို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မိုးညှင်းမြို့နယ်ရှိ ရှမ်းနီ (တိုင်းလိုင်)၊ တိုင်းလုံ၊ တိုင်းခမ်းတီ၊ တိုင်းဆာ၊ တိုင်းနေစာပေယဥ်ကျေးမှုအဖွဲ့တို့ နဲ့ ဝန်ကြီး စိုင်းတင်အောင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဝန်ကြီးစိုင်းတင်အောင်မှ တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စတွေ၊ တိုင်းရင်းသားအရေးဆောင်ရွက်ပေးနိူင်တဲ့ ကိစ္စရပ်တွေ၊ ကချင်ပြည်ဝန်ကြီးချုပ်ဖလား ဘောလုံးပွဲမှာ ယဥ်ကျေးမှုအဖွဲ့မှ လူငယ်တွေ အသင်းထွက်၍ ဝင်ပြိုင်စေလိုကြောင်း မိမိတို့မျိုးနွယ်အမျိုးသားရေးပေါ်လွင်ထင်ရှားစေလိုကြောင်း နဲ့ ​ကျန်းမာကြံ့ခိုင်ပြီး ဖြတ်လတ်သန်မာတဲ့လူငယ်လူ
ရွယ်တွေမှ အနာဂတ်ကို ဦးဆောင်ကြရမှာဖြစ်တဲ့အတွက် လူငယ်တွေကို ပြုစုပျိုးထောင်ကြဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယဥ်ကျေးမှုအဖွဲ့အသီးသီးမှ တင်ပြလာတဲ့ ကိစ္စတွေကို ဝန်ကြီးမှ ဂရုစိုက်နားထောင်ပေးပြီး ပြန်လည်ဖြေကြားခြင်း နဲ့ ဆောင်ရွက်ပေးနိူင်တဲ့ ကိစ္စတွေကို သိသာမြင်သာအောင် ရှင်းလင်းပြောကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း ကချင်ပြည်နယ် ရှမ်းအမျိုးသမီးများအဖွဲ့ နန်းယိင်းတိုင်းအသင်းက လက်ဆောင်ပန်းခြင်းတွေနဲ့အတူ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးစိုင်းတင်အောင်ကို လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

စိုင်းတင်အောင်ဟာ ဗန်းမော်ဇာတိဖြစ်ပြီး ဗန်းမော်ဟာ စစ်ဘေးစစ်ဒဏ်ကြောင့် ၎င်းနဲ့မိသားစုဝင်တွေဟာ စစ်ဘေးတိမ်းရှောင်နေကြရသလို မိမိတို့ ရှမ်းတိုင်းရင်းသားအရေးအတွက် စစ်ဘေးရှောင်ရင်းဘဲ အမျိုးသားရေးတာဝန်ထမ်းဆောင်ဖို့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံဖြိုးတိုးတက်ရေးပါတီ (TNDP) ပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်ပြီး အနိူင်ရရှိကာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်လာခဲ့တာလို့ သိရပါတယ်။

related posts

Leave a Comment