Home » ရခိုင်ကို တပ်က တိုက်လေယာဉ် ၄ စီးဖြင့် အကြိမ် ၃၀ ဗုံးကြဲဟု AA ပြော

ရခိုင်ကို တပ်က တိုက်လေယာဉ် ၄ စီးဖြင့် အကြိမ် ၃၀ ဗုံးကြဲဟု AA ပြော

by Homeland Author

ရခိုင်ပြည်နယ်အတွင်းက မြို့ ၃ မြို့ကို စစ်တပ်က တိုက်လေယာဉ် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ဒီနေ့ စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း – စစ်တွေ – ရသေ့တောင် မြို့ ၃ မြို့အစပ်ကြား ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်ကစပြီး ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ AA က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေကတော့ ကွမ်းတောင်ကျေးရွာ၊ ကုန်းတန်းကြိမ်ချောင်းကျေးရွာ၊ မက္ကလာကျကျေးရွာ၊ ညိုရောင်နဲ့ မင်းလှကျေးရွာအကြား၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး (မူဆလင်ရွာ) အကြား၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနဲ့ ညောင်ပင်ကြီး (ရခိုင်ရွာ) အကြားတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်က ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ မိနစ် ၃၀ အကြာ ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ AA က ဆိုပါတယ်။

အလားတူ ဒီနေ့ မနက် ၁၁ နာရီကျော်မှာလည်း ဂွကမ်းခြေကနေ ငပလီကမ်းခြေအထိကို တပ်က စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်တွေကို အထူးသတိထားကြဖို့ အာရက္ခတပ်တော် (AA) က ထပ်မံအသိပေးထားပါတယ်။

related posts

Leave a Comment