၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အခြားမြို့နယ်တွေ ထပ်မံထည့်သွင်းပေးဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) က နေပြည်တော်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၂ ရက်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ NSCN-K/AM တို့ နေပြည်တော်မှာ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးစဉ် …
တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လုပ်ဆောင်နေတဲ့ သီပေါမြို့အဝင် မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်ခြင်းအပါအဝင် အခြားသော တော်လှန်ရေးဦးတည်ချက်တွေနဲ့ ဆန်ကျင်တဲ့ လုပ်ရပ်ကို ကန့်ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ထုတ်ပြန်ပါတယ်။ အရင်နှစ်ကလည်း ကွတ်ခိုင် မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ စတဲ့ နယ်မြေဒေသတွေမှာ အလားတူကိစ္စရပ်တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ …