Home » သျှမ်းမြောက်ရှိ သတ္တုတွင်း ၂၁ ခုကို TNLA၊ UWSA၊ MNDAA၊ KIA တို့ ထိန်းချုပ်ထား

သျှမ်းမြောက်ရှိ သတ္တုတွင်း ၂၁ ခုကို TNLA၊ UWSA၊ MNDAA၊ KIA တို့ ထိန်းချုပ်ထား

by Homeland Author

သျှမ်းပြည်မြောက်ပိုင်းမှာ ခဲ၊ ငွေ၊ ကျောက်မီးသွေးနဲ့ ရွှေအပါအဝင် သယံဇာတ သတ္တုတွင်းထွက်ပေါင်း ၁၂ မျိုးထက်မနည်း ရှိပြီး သတ္တုတွင်းလုပ်ကွက် ၃၁ ခုထက်မနည်း ရှိတယ်လို့ ISP Myanmar က ဆန်းစစ်ချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။

အဲဒီ သတ္တုတွင်း လုပ်ကွက်တွေအနက် လုပ်ကွက် ၁၀ ခုကို မြန်မာစစ်တပ်က ထိန်းချုပ်ထားပြီး ကျန် လုပ်ကွက် ၂၁ ခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက အသီးသီး ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

EAOs တွေ ထိန်းချုပ်ထားတဲ့ လုပ်ကွက် ၂၁ ခုထဲက ၉ ခုကိုတော့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထိန်းချုပ်ထားပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လုပ်ကွက် ၈ ခုကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

အလားတူ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က သတ္တုတွင်းလုပ်ကွက် ၃ ခုရှိပြီး ကျန်တစ်ခုကိုတော့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်ထားတယ်လို့ ISP Myanmar က ဆိုပါတယ်။

related posts

Leave a Comment