18
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောဒေသမှာ ဒီနေ့ (ဩဂုတ် ၄ ရက်) ဥရုမြစ် (ဥရုချောင်း) ရေကြီးရေလျှံမှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အခုလို ရေကြီးရေလျှံမှု မတိုင်ခင်ကလည်း ၂၀၂၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှာ ဥရုမြစ်ရေမြင့်တက်မှုကြောင့် ဟုမ္မလင်း–နမ့်တော လမ်းမပေါ်ရှိ တံတားတစ်စင်း ကျိုးကျခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။
လက်ရှိမှာလည်း ဟုမ္မလင်းမြို့နယ်အတွင်း ဥရုမြစ်ကြောင်းတစ်လျှောက် ရေထပ်မံမြင့်တက်ပြီး ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေးနဲ့ နေထိုင်ရေးမှာ သတိထားကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။