Home » နေပြည်တော်မှာ စစ်တပ်နဲ့ UWSA ငြိမ်းချမ်းရေး ဆွေးနွေးမယ်

နေပြည်တော်မှာ စစ်တပ်နဲ့ UWSA ငြိမ်းချမ်းရေး ဆွေးနွေးမယ်

by Homeland Author

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ နေပြည်တော်မှာ ကျင်းပပြုလုပ်နေတဲ့ စစ်တပ်ရဲ့ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ WNL ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

နေပြည်တော်မှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ UWSA တို့ တွေ့ဆုံမယ့် အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ လာမယ့် ဩဂုတ်လအတွင်း ပြုလုပ်သွားမှာဖြစ်ပြီး ဆွေးနွေးပွဲရက်ကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇွန် ၁၈ ရက်ကလည်း NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နဲ့ UWSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အလားတူ ၁၀၂၇ စစ်ဆင်ရေးကိုဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရေးတစ် မဟာမိတ်တပ်မတော် (MNDAA) ကလည်း နေပြည်တော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားရောက်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်းတပ် (TNLA) ကလည်း အခုလ ဇူလိုင် ၁၉ ရက်နေ့မှာ NSPNC နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး တအာင်းပြည်နယ်ဖွဲ့စည်းဖို့ တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၆ ဇွန်လ ၄ ရက်နေ့ကလည်း နေပြည်တော်မှာ NSPNC နဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA) တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် ဇွန်လ ၉ ရက်မှာ NSPNC နဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ 7 EAO Alliance တို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

NSPNC ဟာ “ဝ” တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နဲ့လည်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးထားပြီး ဖြစ်ပါတယ်။

ဦးမင်းအောင်လှိုင်က သမ္မတရာထူးကို ရယူပြီးနောက် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) တွေကို မည်သည့်ကန့်သတ်ချက်မှမထားဘဲ ငြိမ်းချမ်း ဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

related posts

Leave a Comment