Home » စေတီဆိပ်၊ နမ့်သာတို့မှာ ဥရုချောင်းရေကြီးမှု ဖြစ်ပေါ်နေ

စေတီဆိပ်၊ နမ့်သာတို့မှာ ဥရုချောင်းရေကြီးမှု ဖြစ်ပေါ်နေ

by Homeland Author

ဟုမ္မလင်းမြို့နယ် စေတီဆိပ်နဲ့ နမ့်သာကျေးရွာတွေမှာ မိုးဆက်တိုက်ရွာနေတာကြောင့် ဥရုချောင်းရေကြီးပြီး ရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် ဒေသခံတွေရဲ့ သွားလာရေးမှာ အခက်အခဲတွေ ရှိနေသလို ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေက ပျဉ်တိုပျဉ်စတွေလည်း ရေထဲမျောပါနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကို ကျေးရွာသူကျေးရွာသားတွေက ထမင်းထုပ်တွေ လိုက်လံဝေငှကူညီပေးနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment