စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ရှိ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေမှာ PDF အဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ လာရောက်ပူးပေါင်းခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
SNA ထံ လာရောက်ပူးပေါင်းခဲ့တဲ့ PDF သုံးဦးကို ဆုငွေ ၅၀ သိန်း နဲ့ လိုအပ်သည့်အသုံး အဆောင်တွေ ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဖော်ပြချက်အရ သိရပါတယ်။
ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထံ ကချင်လက်နက်ကိုင်အဖွဲ့ – KIA/PDF မှ တပ်စိတ်မှူးအဆင့်ရှိသူအပါအဝင် ၃ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့၂၀၂၆ ခုနှစ် ဧပြီလ (၁၅) ရက်နေ့ကလည်း SNA တပ်မဟာ (၈၉၁)၊ အမှတ် (၂) တပ်ရင်း၊ ရှေ့တန်းစခန်းတစ်နေရာသို့ PDF အဖွဲ့မှ တပ်စိတ်မှူးတစ်ဦးနဲ့ ဒု-တပ်စိတ်မှူးတစ်ဦးတို့ လက်နက်ခဲယမ်းကိုယ်စီဖြင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။
အဲဒီနောက် ဧပြီလ (၁၇) ရက်နေ့မှာလည်း SNA တပ်မဟာ (၆၁၄) ထံ PDF မှ ဒုတပ်စိတ်မှူးအဆင့်ရှိသူတစ်ဦး ဆက်သွယ်အလင်းဝင်လာခဲ့ကြောင်း SNA ဖက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ SNA ထံ အလင်းဝင်လာသူတွေကို ကောင်းမွန်စွာထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းနဲ့ မကြာခင်၄င်းတို့ရဲ့မိသားစုတွေထံ ပြန်လည်အပ်နှံပေးသွားမယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အတွင်းရှိ SNA တပ်စခန်းတွေကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့တွေဟာ မကြာခဏဆိုသလို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။


