မိုးညှင်းမြို့ကို ရောက်ရှိနေတဲ့ ကသာစစ်ဘေးရှောင်ပြည်သူတွေကို ချင်းတွင်းဧရာအင်စတီကျု (CAI) မှ သိန်းတစ်ရာ့ငါးဆယ်ကျော်တန်ဖိုးရှိ စားနပ်ရိက္ခာတွေကို မေလ ၁၁ ရက်နေ့က သွားရောက်ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကသာတိုက်ပွဲတွေကြောင့် မိုးညှင်းမြို့သို့ စစ်ဘေးတိမ်းရှောင်ခဲ့ကြတဲ့ စစ်ကိုင်းဒေသကြီး ကသာမြို့မှ စစ်ဘေးရှောင် အိမ်ထောင်စု ၃၂၃ စု ရှိပြီး လူဦးရေ ၁၁၀၀ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ဘေးရှောင်တွေဟာ မိုးညှင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၁၀ ကျောင်းမှာ ခိုလှုံတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ချင်းတွင်းဧရာအင်စတီကျုမှ အဲဒီ ကသာမြို့စစ်ဘေးရှောင်တွေကို ငွေကျပ် သိန်းတစ်ရာ့ငါးဆယ်ကျော်တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားသောက်ကုန်တွေကို ၎င်းတို့ ခိုလှုံရာ ဘုန်းတော်ကြီးကျောင်းတွေကို သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ ကသာစစ်ဘေးရှောင်တွေကို သွားရောက်ထောက်ပံ့ရာမှာ ဒေသခံပြည်သူလူထုတွေ၊ ဒေသခံလူငယ်တွေ နဲ့ အဖွဲ့အစည်းတွေက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ကသာဒေသမှာ စစ်ရေးတည်ငြိမ်မှု မရှိသေးတာကြောင့် ဒေသခံတွေဟာ နေရပ်ပြန်နိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့နေကြရဆဲဖြစ်ပြီး စားဝတ်နေရေး လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။





