Home » RCSS ရဲ့ ရုံးလုပ်ငန်းနဲ့ ကျန်းမာရေးသင်တန်းဆင်းပွဲကို မိုးနဲမှာ ကျင်းပ

RCSS ရဲ့ ရုံးလုပ်ငန်းနဲ့ ကျန်းမာရေးသင်တန်းဆင်းပွဲကို မိုးနဲမှာ ကျင်းပ

by Homeland Author

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က သျှမ်းပြည်တောင်ပိုင်း မိုးနဲ (မိူင်းၼၢႆး) မြို့နယ်မှာ ရုံးလုပ်ငန်းသင်တန်း နဲ့ ကျန်းမာရေးသင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

RCSS/SSA ရဲ့ မိုးနဲမြို့နယ်ရှိ အုပ်ချုပ်ရေးနယ်မြေအတွင်းမှာ ရုံးလုပ်ငန်းသင်တန်းနဲ့ ကျန်းမာရေးသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့တာဖြစ်ပြီး ဒီအခမ်းအနားမှာ သင်တန်းဆင်းပွဲတင်မကဘဲ စစ်သည်တော်တွေအတွက် စစ်ဘက်ဆိုင်ရာ ရာထူးတိုးမြှင့်ပေးအပ်ပွဲ နဲ့ ဒေသခံမိဘပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံတဲ့ လူထုတွေ့ဆုံပွဲ ကိုပါ တစ်ခါတည်း ပူးတွဲကျင်းပခဲ့တာလို့ သိရပါတယ်။

အဲဒီပွဲကို RCSS/SSA က အရာရှိကြီးတွေ၊ သင်တန်းသား စစ်သည်တော်တွေနဲ့အတူ ဒေသခံ မိဘပြည်သူတွေလည်း အင်တိုက်အားတိုက် တက်ရောက်ခဲ့ကြပြီး နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

related posts

Leave a Comment