သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ရဲ့ ဌာနချုပ် လွယ်တိုင်းလျဲန်းမှာ ကျင်းပပြုလုပ်တဲ့ သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) မှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒီအခမ်းအနားကို “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (NDAA) မိုင်းလား၊ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် (PNO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် (SSNDF) တို့မှ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက်မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို RCSS ဌာနချုပ်အပါအဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ သျှမ်းမျိုးနွယ်စုတို နေထိုင်ရာ ဒေသအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။



