6






ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
(၇၉) ကြိမ်မြောက် သျှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို သျှမ်းမျိုးနွယ်စု အသီးသီးက စုပေါင်းကျင်းပပြုလုပ်ကြတာဖြစ်ပြီး ရှမ်းနီလူငယ်အဖွဲ့အစည်း (SNYO) မှ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အခမ်းအနားကို သျှမ်းအဆိုတော်တွေရဲ့ ဖျော်ဖြေတင်ဆက်မှု၊ သျှမ်းမျိုးနွယ်စုတို့ရဲ့ အကအလှတွေနဲ့ ဖျော်ဖြေ တင်ဆက်မှုတွေအပြင် သျှမ်းဒေသ အစားအစာတွေလည်း အားပေးနိုင်တယ်လို့ ဆိုပါတယ်။





