Home နိုင်ငံရေး မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူမယ်လို့ ခန္တီး PDF ပြော

မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူမယ်လို့ ခန္တီး PDF ပြော

by Homeland Author

ရွေးကောက်ပွဲကာလမှ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုလုံခြုံရေး၊ စီးပွားရေး နဲ့ လူမှုရေးကိစ္စတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ခန္တီး – PDF က မနေ့က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အုပ်စုက ရွေးကောက်ပွဲကို ခန္တီးမြို့နယ်မှာ ဓါးမိုး၊ သေနတ်ထောက်၍ ကျင်းပပြုလုပ်မှာဖြစ်ကြောင်း ရွေးကောက်ပွဲအပြီး ရွေးချယ်တင်မြောက်ခံရတဲ့ အစိုးရ၊ ပါတီကိုယ်စားလှယ်လောင်းတွေဟာလည်း တိုင်းပြည် နဲ့ လူမျိုးအပေါ် အမျိုးမျိုး ဂုတ်သွေးစုပ်၊ အမြတ်ထုတ်ပြီး စစ်အုပ်စု စီးပွားရေး၊ ကိုယ်ကျိုးစီးပွားရေးအတွက်သာ ဆောင်ကျဉ်းမယ့်သူတွေလို့ မှတ်ယူကြောင်း ဆိုပါတယ်။

ခန္တီးမြို့နယ်မှာ စစ်အုပ်စုရဲ့ ထွက်ပေါက်၊ ပါဝင်ရွေးချယ်ခံပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် ရွေးကောက်ပွဲကာလမှ မဲမပေးခြင်းဖြင့် အကြမ်းမဖက် ဆန္ဒထုတ်ဖော် ပါဝင်ကြဖို့ တောင်းဆိုတယ်လို့ ခန္တီး – PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် စစ်အုပ်စုက ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ရွေးကောက်ခံကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေ၊ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ပုဂ္ဂိုလ်တွေကိုလည်း စစ်အုပ်စုနဲ့ အလိုတူအလိုပါ လုပ်သူတွေလို့ သတ်မှတ်ကြောင်း ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲကာလမှ မဲဆွယ်စည်းရုံးရေးဆင်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ မိသားစုလုံခြုံရေး၊ စီးပွားရေး နဲ့ လူမှုရေးကိစ္စတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ခန္တီး – PDF က ထုတ်ပြန်ပါတယ်။

related posts

Leave a Comment