Home နိုင်ငံရေး မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ညစ်ညမ်းမှုအများဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် ညစ်ညမ်းမှုအများဆုံးနိုင်ငံတွေထဲမှာ မြန်မာပါဝင်

by Homeland Author

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ညစ်ညမ်းမှု အများဆုံးဖြစ်ပေါ်လျက်ရှိတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး အရပ်သားထိခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း မြေမြှုပ်မိုင်း နဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဆိုင်ရာ ထိခိုက်မှုဖြစ်ရပ်တွေကို လေ့လာစောင့်ကြည်ရာ အရပ်သား ထိခိုက်သေဆုံးမှု စုစုပေါင်း ၃၅၇ ခုရှိခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း အစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ ထိခိုက်မှု (စုစုပေါင်း ၁၀၈၂ ခု) နဲ့ နှိုင်းယှဉ်ပါက ၃၃ ရာခိုင်နှုန်း ရောက်ရှိနေပြီဖြစ်ကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။

အဲဒီ ထိခိုက်သေဆုံးမှုတွေမှာ ကလေးသူငယ်ထိခိုက်မှု ၂၇ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြနေပြီး ကလေးသူငယ်တွေဟာ အဆိုပါ လက်နက်ပစ္စည်းအကြွင်းအကျန်တွေကြောင့် ဆိုးရွားတဲ့ ဘေးတွေ့နိုင်ခြေ အများဆုံးရှိသူတွေဖြစ်တယ်ကြောင်း မီးမောင်းထိုးပြနေတယ်လို့ ICRC က ဆိုပါတယ်။

မြေမြှုပ်မိုင်း နဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ညစ်ညမ်းခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာတွေကို သာမက မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်မှု၊ လယ်ယာတွေသို့ သွားရောက်နိုင်မှု နဲ့ ဘေးကင်းစွာ သွားလာလှုပ်ရှားနိုင်မှုတို့ကိုပါ အကန့်အသတ်ရှိစေတဲ့အတွက် ထိခိုက်ခံစားခဲ့ရတဲ့ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ပိုမိုကြီးမားစောတယ်လို့ ဆိုပါတယ်။

ICRC ဟာ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့နဲ့အတူ မိတ်ဖက်ကာ ရန်ကုန်၊ မြစ်ကြီးနား၊ ကျိုင်းတုံ နဲ့ ဘားအံ့တို့မှာ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဌာန ၄ ခုကို ထောက်ပံ့ကူညီလျက်ရှိတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်မှစတင်ကာ မြေမြှုပ်မိုင်းထိခိုက်မှုမှ ရှင်သန်လွတ်မြောက်လာသူတွေ၊ လက်နက်ကြောင့် ဒဏ်ရာရရှိသူတွေ နဲ့ သဘာဝဘေးတွေကြောင့် ထိခိုက်ခံစားခဲ့ရသူတွေ အပါအဝင် မသန်စွမ်းသူ ၁၉၀၀၀ ကျော်ဟာ အဲဒီပြန်လည်သန်စွမ်းရေးဌာနတွေနဲ့ ပြုစုစောင့်ရှောက်မှုတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ထောင်ပေါင်းများစွာသော လူပုဂ္ဂိုလ်တွေဟာ စစ်ပွဲ နဲ့ စပ်လျဉ်းတဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်တွေနဲ့ ရှင်သန်နေထိုင်ကြရတယ်လို့ ဆိုပါတယ်။

မြေမြှုပ်မိုင်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ နဲ့ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ကြောင့် အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိခံယူနိုင်စွမ်း အလွန်အမင်း နည်းပါးတဲ့ ဝေးလံပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေမှာ ဘဝတစ်ခုလုံး ပြောင်းလဲသွားစေနိုင်တဲ့ ထိခိုက်မှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment