Home နိုင်ငံရေး ဗန်းမောက် စစ်ဘေးရှောင်ကျေးရွာသားအချို့ SNA ဘက်တိမ်းရှောင်လာ

ဗန်းမောက် စစ်ဘေးရှောင်ကျေးရွာသားအချို့ SNA ဘက်တိမ်းရှောင်လာ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်ထဲ တခွတ္တာ၊ ခိုနန်း၊ အလယ်ရွာ၊ ကံရွာ၊ ခိုပြင်၊ ခမိုး စတဲ့ စစ်ဘေးရှောင် ကျေးရွာသားအချို့ဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ ထိန်းချုပ်နယ်မြေ မြို့အနောက်ခြမ်းဘက်ကို တိမ်းရှောင်လာကြတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် နီးစပ်ရာ တိမ်းရှောက်ကြပြီး အဲဒီကျေးရွာသားတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF နဲ့ KaDu Army တို့ ထိန်းချုပ်ဒေသမှာ ရောက်ရှိသွားပြီး စားနပ်ရိက္ခာ အကူအညီတွေ မရရှိတာကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းဘက်ကို တိမ်းရှောင်လာတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“တခွတ္တာ၊ ခိုနန်း ၊အလယ်ရွာ၊ ကံရွာ၊ ခိုပြင်၊ ခမိုး ရွာသားတချို့ PDF ဆီ ပါသွားကြတဲ့ဟာတွေပဲ၊ ဘာရိက္ခာမှ မထောက်ပံ့လို့ ပြန်လာကြတာ၊ SNA တပ်ဖွဲ့တွေ သွားပြန်ကြိုခဲ့ကြတာ” လို့ ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း တိုက်ပွဲကြောင့် တောထဲ ပိတ်မိနေတဲ့ သခွတ္တာ၊ ခိုနန်း ကျေးရွာသား ၂၀၀ ကျော်ကို SNA တပ်မဟာ ၆၁၄ က ကယ်ထုတ်ပေးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို KIA၊ PDF နဲ့ KaDu Army တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်းတွေကို အသီးသီး တိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့အနောက်ခြမ်းသို့ ရောက်ရှိနေတဲ့ ကတူး၊ ရှမ်းနီ နဲ့ ဗမာစစ်ဘေးရှောင်တွေ အနေနဲ့ အိမ်ထောင်စုပေါင်း ၇၃၂ စု၊ လူဦးရေ ၃၀၀၀ နီးပါးရှိနေပြီး အဆိုပါ တိုက်ပွဲရှောင်တွေကို SNA၊ သျှမ်းနီစာပေနှင့် ရိုးရာယဥ်ကျေးမှုကော်မတီ၊ ကတူးအရပ်ဖက် အဖွဲ့အစည်း၊ ချင်းတွင်းဧရာအင်စတီကျူ အရပ်ဖက်အဖွဲ့အစည်း၊ ဆီလုပ်ငန်းရှင်တွေ နဲ့ ဒေသခံရှမ်းနီ ပြည်သူတို့က ကူညီထောက်ပံ့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

related posts

Leave a Comment