Home » ရွေးကောက်ပွဲမှာ မဲပေးလိုတဲ့ ပြည်သူကို ထိခိုက်မှု မရှိစေဖို့ ကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပြော

ရွေးကောက်ပွဲမှာ မဲပေးလိုတဲ့ ပြည်သူကို ထိခိုက်မှု မရှိစေဖို့ ကာကွယ်သွားမယ်လို့ ကရင်လက်နက်ကိုင် ၃ ဖွဲ့ ပြော

by Homeland Author

လာမယ့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပြုလိုသူ ဒေသခံပြည်သူလူထုတွေ ထိခိုက်နစ်နာမှုမရှိစေဖို့ အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်စောင့်ရှောက်သွားမယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့မှ ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF/KNA) နဲ့ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့မှ တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေတဲ့ ပဋိပက္ခပေါင်းစုံကိုဖြေရှင်းနိုင်မယ့် ဒီမိုကရေစီနည်းလမ်းကျတဲ့ ပြည်သူ့ရွေးကောက်ခံ အစိုးရတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ပြီး ကရင်ပြည်နယ် နဲ့ ပြည်သူလူထုတွေရဲ့ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ ကရင်လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့မှ ယူဆကြောင်း ဆိုပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ ဆန္ဒမဲပြုမယ့် ကရင်ပြည်နယ်မှ ဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒကို အလေးထားအသိအမှတ်ပြု၍ မိမိတို့ ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့အနေဖြင့် အပြည့်အဝပူးပေါင်းဆောင်ရွက်၍ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံး ပါဝင်နိုင်တဲ့ အခြေအနေမှာ မရှိခြင်း နဲ့ လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် ကရင်အမျိုသားအစည်းအရုံး (KNU) က လုံးဝ လက်မခံကြောင်း ဩဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

related posts

Leave a Comment