Home » ရခိုင်မှာ လက်နက်ခဲယမ်း နဲ့ ဆက်စပ်ပစ္စည်းရှိသူတွေ လာရောက်အပ်နှံကြဖို့ AA အသိပေး

ရခိုင်မှာ လက်နက်ခဲယမ်း နဲ့ ဆက်စပ်ပစ္စည်းရှိသူတွေ လာရောက်အပ်နှံကြဖို့ AA အသိပေး

by Homeland Author

အာရက္ခတပ်တော် (AA) ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရခိုင်ပြည်နယ် ကမြို့နယ်တွေမှာ လက်နက်ခဲယမ်း နဲ့ ဆက်စပ်ပစ္စည်း သိမ်းဆည်းထားသူတွေ အနေဖြင့် ရက်ပေါင်း ၄၅ ရက်အတွင်းမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးတွေမှာ လာရောက် အပ်နှံကြဖို့ AA က အသိပေးထားပါတယ်။

ဒီလို လုပ်ဆောင်တာဟာ ရခိုင်ဒေသမှာနေထိုင်နေကြတဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် လုပ်ဆောင်တာဖြစ်ပြီး AA က ထုတ်ပြန်အသိပေးထားတဲ့ ပစ္စည်းတွေကတော့ သေနတ်၊ လေသေနတ်၊ တူမီး၊ ယမ်းထောင်းအပါအဝင် ဆက်စပ်လက်နက်ခဲယမ်းတွေ နဲ့ (RT) စကားပြောစက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ပစ္စည်းတွေကို ကိုင်ဆောင်ထားပြီးတော့ သတ်မှတ် ကာလ ရက်ပေါင်း ၄၅ ရက်အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ လက်ဝယ်တွေ့ရှိသူတွေကိုထိထိရောက် ရောက်အရေးယူသွားမယ်လို့ ဆိုပါတယ။

AA အနေ နဲ့ ၎င်းတို့အပြီးသတ်သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အများပြည် သူဘေးကင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး နဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ ကင်းစင်ရေးတွေအပြင် တရားဥပဒေစိုးမိုးရေး နဲ့ လုံးခြုံရေးဆိုင်ရာကိစ္စအရပ်ရပ်တွေကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။

related posts

Leave a Comment