Home နိုင်ငံတကာ စစ်ပွဲကို ချေမှုန်းဖို့နဲ့ တကမ္ဘာလုံး စည်းလုံးညီညွတ်မှုရရှိဖို့ ရှီတောင်းဆို

စစ်ပွဲကို ချေမှုန်းဖို့နဲ့ တကမ္ဘာလုံး စည်းလုံးညီညွတ်မှုရရှိဖို့ ရှီတောင်းဆို

by Homeland Author

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ဒီကနေ့ (စက်တင်ဘာလ ၃ရက်) မှာ ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားမှာ စစ်ပွဲကို ချေမှုန်းဖို့ နဲ့ တကမ္ဘာလုံး စည်းလုံးညီညွတ်မှုရရှိဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုလိုက်ပါတယ်။

စစ်ပွဲရဲ့ မူလဇစ်မြစ်ကို ချေမှုန်းဖို့ နဲ့ သမိုင်းဖြစ်ရပ်ဆိုးတွေ ထပ်မံမဖြစ်ပွားစေဖို့၊ ကာကွယ်ဖို့ကိုလည်း သမ္မတရှီက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

“တရုတ်ပြည်သူတွေဟာ သမိုင်းရဲ့ ညာဘက်ခြမ်းမှာ အခိုင်အမာ ရပ်တည်ပြီး လူသားတွေရဲ့ တိုးတက်မှုဘက်ခြမ်းမှာ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လိုက်နာပြီး လူသားမျိုးနွယ်အတွက် မျှဝေတဲ့ အနာဂတ်ရှိတဲ့ အသိုက်အဝန်းကို တည်ဆောက်ဖို့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေနဲ့ လက်တွဲသွားမှာပါ” လို့ ရှီက ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၊ တိန့်အန်မင်ရင်ပြင်မှာ ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့်အခမ်းအနားမှာ တရုတ်ရဲ့စစ်ဘက်ဆိုင်ရာ လက်နက်တွေနဲ့ စစ်ရေးပြခဲ့ပါတယ်။

စစ်ဘက်ဆိုင်ရာ လက်နက်တွေဖြစ်တဲ့ တင့်ကား၊ ဒရုန်းတွေ၊ တာဝေးပစ်နျူကလီးယားစွမ်းရည်ရှိတဲ့ H6 ဗုံးကြဲလေယာဉ်တွေ၊ နျူကလီးယားစွမ်းရည်ရှိ ဒုံးကျည်တွေနဲ့ တိုက်လေယာဉ်နဲ့ ကိုယ်ပျောက်လေယာဉ်တွေကို ပြသခဲ့ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက တန်းတူညီတူဆက်ဆံကာ သဟဇာတရှိစွာ နေထိုင်ကြပြီး အချင်းချင်း ပံ့ပိုးကူညီမှသာလျှင် ဘုံလုံခြုံရေးကို ကာကွယ်နိုင်မှာပါ” လို့ တရုတ်သမ္မတ ရှီက ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မည်သည့်အနိုင်ကျင့်မှု၊ ခြိမ်းခြောက်ခြင်း မရှိသည့် နိုင်ငံကြီးဖြစ်ပြီး လွတ်လပ်ရေးကို အမြဲတမ်း တန်ဖိုးထားကာ ရှေ့သို့ ဆက်သွားမည့် လူမျိုးကြီးဖြစ်ကြောင်းလည် ဆိုထားပါတယ်။

အဲ့ဒီအခမ်းအနားကို မြန်မာစစ်ခေါင်းဆောင်အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ကြပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကမိန့်ခွန်းပြောခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ရတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေကို လိုက်လံနှုတ်ဆက်နေတဲ့ ရုပ်သံဖိုင်တွေလည်း တွေ့မြင်ခဲ့ရပါတယ်။

related posts

Leave a Comment