Home ငြိမ်းချမ်းရေး မိမိတို့ ဒေသအတွင်း ဘယ်နိုင်ငံရေးအဖွဲ့ကိုမျှ လက်မခံဟု NDAA ပြော

မိမိတို့ ဒေသအတွင်း ဘယ်နိုင်ငံရေးအဖွဲ့ကိုမျှ လက်မခံဟု NDAA ပြော

by Homeland Author

မိမိတို့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားမှ ဘယ်လက်နက်ကိုင်အဖွဲ့အစည်း နဲ့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမျှ လက်ခံထားခြင်း မရှိကြောင်း NDAA မိုင်းလားအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ပြောပါတယ်။

မေလ ၂၅ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ NDAA ကိုယ်စားလှယ်အဖွဲ့တို့ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဦးစန်ပေ့က” မိမိတို့ဒေသအတွင်း မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းနှင့် မည်သည့်နိုင်ငံရေး အဖွဲ့အစည်းကိုမျှ လက်ခံထားခြင်း မရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတော်တည်ငြိမ်ရေး၊ အေးချမ်းရေး လုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် မိမိတို့ဒေသအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ဆောင်ရွက်ပေးစေလိုကြောင်း” ပြောပါတယ်။

NDAA အနေဖြင့် နှစ် ၃၀ ကျော် ကျင့်သုံးလာခဲ့တဲ့အတိုင်း နိုင်ငံတော်မှ ချမှတ်ထားတဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မဲရေး စတဲ့ တို့တာဝန်အရေးသုံးပါးအတွက် အဓိကထား ဆောင်ရွက်လျက်ရှိတယ်လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်ကလည်း စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းနေကြကြောင်း၊ ထို့ကြောင်း တိုင်းရင်းသားညီအကိုတွေအားလုံး စည်းစည်းလုံးလုံးနဲ့ နိုင်ငံ့အကျိုးကို ဖော်ဆောင်သွားနိုင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

ဦးစားပေးအနေနဲ့ အရေးကြီးတဲ့ ပညာရေးနဲ့ကျန်းမာရေး ကဏ္ဍတွေမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

ထို့အတူ တည်ငြိမ်အေးချမ်းရေးတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု နိုင်ငံ့တစ်ခု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာတတ်လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝရေး မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားအဖွဲ့ကို ရှမ်းပြည်အရှေ့ပိုင်း မြန်မာ – တရုတ်နယ်စပ်ရှိ မိုင်းလား၊ ဆီလူး၊ နမ့်ပန်းဒေသ‌တွေကို အထူးဒေသ (၄) အဖြစ် ထိန်းချုပ်ထားပါတယ်။

related posts

Leave a Comment