လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရှေ့တန်းစစ်မြေပြင်မှာ ဒဏ်ရာရရဲဘော်တွေနဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ထုတ်ပြန်ပါတယ်။
တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကို လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှု ရရှိစေနိုင်အောင် MLA ရဲ့ ဆေးတပ်ဖွဲ့ဝင် ရဲဘော် ရဲမေတွေက ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ် အနီးတဝိုက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရာ ဒေသဝန်းကျင်အနီးရှိ စစ်ရေးသတင်းတွေကို နားစွင့််ပြီး သတိရှိရှိနေထိုင်ဖို့ MLA က တိုက်တွန်းထုတ်ပြန်ထားပါတယ်။


